စစ်ရေးတင်းမာမှု မြင့်တက်နေစဉ် နှစ်နိုင်ငံ ပင်လယ်ရေကြောင်း နယ်နိမိတ်အနီး မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ အပြန်အလှန် သတိပေးပစ်ခတ်မှုများဖြစ်ပွား
နှစ်နိုင်ငံ ပင်လယ်ရေကြောင်း နယ်နိ မိတ်ကို ဖြတ်ကျော်လာခဲ့သည့် မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို သတိပေးခြောက် လှန့်သည့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယား စစ်တပ်က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့ပြီး မြောက်ကိုရီးယားဘက်ကလည်း အပြန်အလှန်အနေဖြင့် သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။