■ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို တပ်မတော်သားနှင့် တစ်သီးပုဂ္ဂလများ အပါအဝင် ၁၄ ပါတီ ကိုယ်စားလှယ်များဖြင့် အချိုးကျဖွဲ့စည်းရန် ဒုတိယအကြိမ် ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့သော်လည်း ဆုံးဖြတ်ချက် မချနိုင်သေး
■ မြန်မာနိုင်ငံသား တစ်ရာကျော် အပါအဝင် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်သည့် ပြည်ပနိုင်ငံသား ၅၀၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးအရေးယူခံရ
■ အမေရိကန်နှင့် မက္ကဆီကိုကြား နယ်စပ်တံတိုင်း တည်ဆောက်မည့် နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာချက်ကို သမ္မတထရမ့် ကြေညာ
■ အိန္ဒိယဖိတ်ခေါ် Hero Gold Cup 2019 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဗိုလ်စွဲ အစရှိတဲ့ နောက်ဆုံးရပြည်တွင်း၊နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။