ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲဆိုထားသည့် ရဟတ်ယာဉ်အမှုကိစ္စများအတွက် ပြန်ခေါ်သက်သေအဖြစ် ဒုဝန်ကြီးဟောင်းကို စစ်ဆေး
ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားတဲ့အမှုတွေအတွက် ပြန်ခေါ်သက်သေအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်ကို စစ်ဆေးခဲ့ကြောင်း အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။