ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ တောင်တက်မော်တော်ယာဉ်စီးနင်းခြင်း၊တည်းခိုခြင်းများအား အခမဲ့စီစဉ်ပေးသည့် ပထမနေ့ တွင် ဘုရားဖူး (၁၀၀၀) ကျော်လာရောက်ခဲ့
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ကြတဲ့ ဘုရား ဖူးပြည်သူတွေကို တောင်တက်မော်တော်ယာဉ်စီးနင်းတာ၊ ရင်ပြင်တော်စခန်းမှာ တည်းခိုတာတွေကို အခမဲ့စီစဉ်ပေးတဲ့ ပထမနေ့ ဖြစ်တဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ဘုရားဖူး (၁၀၀၀) ကျော် လာရောက်ခဲ့တယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရပါတယ်။