မဲဆောက်မြို့လယ်ရှိနေအိမ်တစ်ဆောင်ကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ လက်နက်မျိုးစုံတွေ့ရှိ
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ ၊အင်ထရာခီလီလမ်း ဘန့်နိုင်းဖန်အိမ်ရာရှိ အိမ်အမှတ် ၁၁/၈၄ ကို အာဏာပိုင်များက နိုဝင်ဘာလ ၅ ရက်နေ့ နံနက် က ရှာဖွေခွင့်ဝရမ်းနှင့်အတူ ဝင်ရောက်စစ်ဆေးရာ ရိုင်ဖယ် ၃၉ လက် ၊လက်နက်ငယ်(အတို) ၂၀ လက်နှင့်ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်းသိရသည်။