အီရန်တွင်ဖြစ်ပွားသည့် ဆန္ဒပြမှုများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းမှုကြောင့် လူပေါင်း ၃၂၆ ဦးထက်မနည်း သေဆုံးခဲ့
အီရန်မှာ မာဆာအမ်မီနီအမည်ရှိတဲ့ လူငယ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရချိန်မှာ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံ တစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းခဲ့ရာမှာ သေဆုံး သူ ၃၂၆ ဦးထက်မနည်းရှိခဲ့တယ်လို့ အီရန်လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့တဲ့ သေဆုံးသူစာရင်းမှာ ပြောကြားခဲ့ပါတယ်။