Socail Media Monitoring Team သည် လူမှုကွန်ရက်များမှတဆင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို ထိပါးစေမည့် ဆောင်ရွက်ချက်များကို စောင့်ကြည့်ထုတ်ဖော်မည်
ဆိုရှယ်မီဒီယာစောင့်ကြည့်ထိန်းကျောင်းမှုပြုလုပ်နိုင်ရေးအဖွဲ့(Socail Media Monitoring Team)ဟာ လူမှုကွန်ရက်တွေမှ တစ်ဆင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမယ့်ဆောင်ရွက်ချက်တွေကို စောင့်ကြည့် ဖော်ထုတ်ကာ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းတဲ့ ကိစ္စရပ်တွေကို အရေးယူနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်း သွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။