အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံခဲ့ပြီး ထိပ်တိုက်ပဋိပက္ခဖြစ်မှုကို ရှောင်လွှဲမည်ဟု ကတိပြု
မဟာအင်အားကြီး နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့အကြား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေစဉ် လွန်ခဲ့သည့်နှစ်နှစ်နီးပါးက အမေရိကန်သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း သမ္မတဂျိုးဘိုင်ဒင်သည် တရုတ်သမ္မတရှီကျင်းပင်နှင့် ပထမဆုံးအကြိမ် မျက်နှာစုံညီတွေ့ဆုံမှုအဖြစ် နိုဝင်ဘာ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တွေ့ဆုံခဲ့သည်။