အမေရိကန်နှင့် မဟာမိတ်များအား စစ်ရေးအရ ပိုမိုပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု သတိပေးပြီးနောက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု ပြုလုပ်
နိုဝင်ဘာ ၁၇ ရက်က မြောက်ကိုရီးယားသည် တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့ပြီး ယင်းသည် အမေရိကန်နှင့် မဟာမိတ်များအပေါ် စစ်ရေးအရ ပိုမိုပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု သတိပေး ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကို ရီးယားက ယခုဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်၊