သတင်းရေး၍ ထောင်ကျသည်ဆိုသည့် အဖြစ်မျိုး မကြားရအောင် မီဒီယာကောင်စီက ဆောင်ရွက်နေရာတွင် ဥပဒေ အားနည်းချက်များ ရှိသဖြင့် ပြင်ဆင်ရန်လိုအပ်လာဟု သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ပြောကြား
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့နေရာမှာ သတင်းရေးလို့ ထောင်ကျတယ်ဆိုတဲ့ အဖြစ်မျိုး မကြားရစေဖို့ မီဒီယာကောင်စီက ဆောင်ရွက်နေရာမှာ ဥပဒေ အားနည်းချက်တွေ ရှိတဲ့အတွက် ပြင်ဆင်ဖို့လိုအပ်လာတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောကြားလိုက်ပါတယ်။