အင်းတော်မြို့နယ်တွင် လက်နက်ကြီးကျ၍ မိသားစုဝင်သုံးဦးဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နန့်မဟုတ်ကြီးကျေးရွာအနီးမှာရှိတဲ့ လယ်ကွင်းတစ်ခုမှာ ဒီဇင် ဘာ ၃ရက်နေ့ မွန်းလွဲတစ်နာရီဝန်းကျင်က အင်းတော်မြို့ရဲစခန်းဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိခင်ဖြစ်သူနဲ့ကလေး ငယ်သုံးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကတော့ ဆေးရုံသွားရာလမ်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။