နိုင်ငံအတွင်းပြဋ္ဌာန်းထားတဲ့ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုစည်းကမ်းချက်ကို ချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦး ထိန်းသိမ်းခံထားရချိန်မှာ သေဆုံးခဲ့တဲ့အတွက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ နှစ်လကျော်ဖြစ်ပွားခဲ့ပြီးနောက် အီရန် အာဏာပိုင်တွေက အကျင့်စာရိတ္တထိန်းသိမ်းရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့တယ်လို့ အရာရှိတစ်ဦးက ဒီဇင်ဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။