နစကဥက္ကဋ္ဌနှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး တွေ့ဆုံခဲ့ပြီး နည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ ဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့ ဒီဇင်ဘာ ၅ ရက်က တွေ့ဆုံပြီး နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမယ့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။