တာချီလိတ်မြို့တွင် ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦး ချောကလက်အလုံးများစားပြီးနောက် မူးဝေအော့အန်မှုများဖြစ်ပွားခဲ့
တာချီလိတ်မြို့၊ ရန်အောင်မြေ ပါလျှံ(၁)ရပ်ကွက်၊ အလိုတော်ပြည့် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်အိမ်မှာ ကလေးငယ် နှစ်ဦးအပါအဝင် ငါးဦးဟာ ချောကလက်အလုံးတွေစားပြီးနောက် မူးဝေအော့အန်မှု ဒီဇင်ဘာ ၇ ရက်၊မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။