အထွေထွေရွေးကောက်ပွဲကို အချိန်စော၍ ကျင်းပရန် ကြိုးပမ်းသွားမည်ဟု ပီရူးသမ္မတသစ် ဒိုင်နာဘိုလူအာတေး ပြောကြား
ပီရူးသမ္မတသစ်ဒိုင်နာဘိုလူအာတေးက ၎င်းအနေဖြင့် ရွေးကောက်ပွဲကို နှစ်နှစ်စော၍ ကျင်းပရန် ကြိုးပမ်းသွားမည်ဟု ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာလိုက်ပြီး ၎င်း၏ရှေ့က သမ္မတ ဖမ်းဆီးခဲ့ရပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြပွဲများကြောင့် လူနှစ်ဦးသေဆုံးခဲ့သဖြင့် ဒေသအချို့တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပါတယ်၊