တနင်္သာရီတိုင်းအစိုးရက သတင်းမီဒီယာ ဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီ အပတ်စဉ်ဂျာနယ်၏ `မဲဆွယ်အပြုံး´ သရော်စာအမှုအား တရားရုံးက ငွေဒဏ် ငါးသိန်း (သို ့) ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချ
တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းမီဒီယာဥပဒေနဲ့ တရားစွဲဆိုထားတဲ့ တနင်္သာရီ အပတ်စဉ်ဂျာနယ်ရဲ့ “မဲဆွယ်အပြုံး” သရော်စာအမှုနဲ့ ပတ်သက်ပြီး ၃၆ ကြိမ်မြောက် ရုံးချိန်းဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာတော့ တရားရုံးက ဂျာနယ်အနေနဲ့ ပြစ်မှုထင်ရှား ကျူးလွန်တယ်လို့ဆိုကာ ငွေဒဏ် ၅ သိန်း (သို ့) ထောင်ဒဏ် ၆ လ ကျခံစေဖို့ အမိန် ့ချမှတ်ခဲ့ပါတယ်။