ဒဏ်ခတ်ပိတ်ဆို့မှုများက မိမိတို့၏ ဒုံးလက်နက်တီထွင်မှုကို ရပ်တန့်နိုင်မည်မဟုတ်ဟု မြောက်ကိုရီးယား ပြောကြား
တောင်ကိုရီးယားက မိမိတို့ရဲ့ လက်နက်တီထွင်မှုများကို ဟန့်တားနှောင့်ယှက်နေတယ်လို့ မြောက်ကိုရီးယားက ဒီဇင်ဘာ ၂၀ ရက်မှာ ပြစ်တင်ပြောကြားခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချမှတ်ခြင်းဖြင့် မိမိတို့ရဲ့ ဒုံးလက်နက်အစီအစဉ်ကို ရပ်တန့်နိုင်မှာ မဟုတ်လို့လည်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။