ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များအပေါ် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့်စွဲချက်တင်ထားသည့် အမှုများအား ဒီဇင်ဘာ ၃၀ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည် (ရုပ်သံ)
ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စွဲချက်တင်ထားတဲ့အမှုတွေအတွက် ဒီဇင်ဘာ ၂၆ ရက်ရုံးချိန်းမှာ အမှုတွေနဲ့ အမိန့်ချမှတ်ဖို့ သင့်၊မသင့် နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြတယ်လို့ အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။