စီရော်နယ်လ်ဒိုအား တစ်နှစ်ပေါင် ၁၇၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဟူသော သတင်းများကို အယ်လ်နာဆာအသင်းဥက္ကဋ္ဌ ငြင်းဆန်
မန်ယူအသင်းနဲ့ တရားဝင်လမ်းခွဲထားတဲ့ ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို တစ်နှစ်ပေါင် ၁၇၃ သန်း(ယူရို သန်း ၂၀၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီဆိုတဲ့ သတင်းတွေကို ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်း ဥက္ကဋ္ဌဖြစ်သူ အယ်လ်မူအမ်မာက ငြင်းဆန်ပယ်ချခဲ့ပါတယ်။