ကြာအင်းဆိပ်ကြီးမြို့နယ်၊တောင်းစွန်းကျေးရွာအတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူထောင်နှင့် ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ(ရုပ်သံ)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် (ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်) အတွင်းရှိ တောင်စွန်းကျေးရွာအတွင်း တပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၆)နဲ့ ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူထောင်နဲ့ ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေထံမှ သိရပါတယ်။