တရုတ်လေယာဉ်တင်သင်္ဘော ခုတ်မောင်းသွားလာမှုများကို စောင့်ကြည့်ရန် ဂျက်တိုက်လေယာဉ်များ အရေးပေါ် ပျံတက်ခဲ့ရသည်ဟု ဂျပန် ပြောကြား
ပစိဖိတ်သမုဒ္ဒရာမှာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေနဲ့ လေယာဉ်ပျံသန်းမှုတွေလုပ်ဆောင်ခဲ့တဲ့ တရုတ်ရဲ့ လျောင်နင်း လေယာဉ်တင်သင်္ဘောကြီးနဲ့ စစ်သင်္ဘောငါးစင်းတို့ကို စောင့်ကြည့်ဖို့အတွက် ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း ဂျက်တိုက် လေယာဉ်တွေ အရေးပေါ်ပျံတက်ခဲ့ရပြီး စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကိုလည်း ဖြန့်ကြက်ခဲ့ရတယ်လို့ ဂျပန်က ဇန်နဝါရီ ၂ ရက်မှာ ပြောကြားပါတယ်။