ဦးစားပေးကုန်စည်အုပ်စု(၉)ခုတွင် ခြောက်လအတွင်း မြန်မာဘာသာဖြင့်ဖော်ပြရရန် အမိန့်စာထုတ်ခဲ့မှုအပေါ် အချိန်(၂)နှစ် တိုးမြှင့်ပေးရန် မန္တလေးတိုင်း လက်လီရောင်းချသူများအသင်း တောင်းဆို
ကုန်စည်တွေမှာ (၆)လအတွင်း မြန်မာဘာသာနဲ့ဖော်ပြဖို့ စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီက အောက်တိုဘာ (၂၆)ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အမိန့်စာနဲ့ပတ်သက်ပြီး ပြင်ဆင်ချိန်(၂)နှစ်အထိတိုးမြှင့်ပေးဖို့ တာဝန်ရှိသူတွေနဲ့ဆွေးနွေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လက်လီရောင်းချသူများအသင်း၊ အတွင်းရေးမှူး၊ ကိုနေမျိုး သန့်တင်က ပြောပါတယ်။