တရုတ်ခရီးသွားများကို COVID-19 စစ်ဆေးခြင်းသည် သိပ္ပံပညာရပ်အပေါ် အခြေခံသည်ဟု အမေရိကန်ပြောကြား
တရုတ်နိုင်ငံမှ ခရီးသွားတွေကို ကိုရိုနာ ဗိုင်းရပ်စ်စစ်ဆေးဖို့ လိုအပ်ချက်ဟာ သိပ္ပံပညာရပ်အပေါ် အခြေခံပြီး တရုတ်အစိုးရရဲ့ မြင့်တက်နေတဲ့ကူးစက်မှုများအပေါ် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ အမေရိကန်က ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။