လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် အမေရိကန်နှင့်ဂျပန် သဘောတူညီ
အာကာသတွင်းမှာ တိုက်ခိုက်မှုတွေဖြစ်ပွားလာရင် ဂျပန်နဲ့ ကာကွယ်ရေးသဘောတူညီချက်ကို ကျင့်သုံးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ဇန်နဝါရီ ၁၁ ရက်မှာ ပြောကြားခဲ့ပြီး တရုတ်အပေါ် စိုးရိမ်မှုများကြီးထွားလာစဉ် မိမိတို့ရဲ့ မဟာမိတ် ဂျပန်နိုင်ငံမှာ ပိုမိုမြန်ဆန်စွာ လှုပ်ရှားနိုင်တဲ့ မရိန်းတပ်ဖွဲ့တစ်ဖွဲ့ကို ဖြန့်ကြက်သွားမယ်လို့လည်း အမေရိကန်က ကြေညာခဲ့ပါတယ်။