မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု ငွေပေးချေရာ၌ ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်နှင့်ရေထွက်ပစ္စည်းများကို ယွမ်ဖြင့် ခွင့်ပြု ထားပြီး ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆန်တို့ကို ဒေါ်လာအပြင် ယွမ်ဖြင့်ပါ ခွင့်ပြု
မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်မှုတွေအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးတွေနဲ့ ဆောင်ရွက် လျက်ရှိရာ ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံတို့ကို ဒေါ်လာအပြင် ယွမ်ငွေကြေးနဲ့ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာ ထွက်ကုန်ပစ္စည်းတွေနဲ့ ရေထွက်ပစ္စည်းဖြစ်တဲ့ ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးနဲ့ ခွင့်ပြုဆောင်ရွက်လျက်ရှိကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။