တရုတ်နှစ်ကူးအတွက် ပြည်သူများ မြို့ကြီးများမှ နေရပ်သို့ပြန်ကြသဖြင့် အားလပ်ရက်ကာလတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာမည်ကို ကျန်းမာရေးပညာရှင်များစိုးရိမ်
ခရီးဆောင်အိတ်တွေ တနင့်တပိုးသယ် လာသော ခရီးသည်တွေဟာ အားလပ်ရက်တွေအတွက် နေရပ်ပြန်ကြဖို့ ဇန်နဝါရီ ၁၆ ရက်မှာ တရုတ်မြို့ကြီးတွေရှိ ရထား ဘူတာတွေ၊ လေဆိပ်တွေကို အုံလိုက်ကျင်း လိုက်ရောက်ရှိလာကြရာ ကျန်းမာရေးကျွမ်းကျင်သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ပြင်းထန်လာမှာကို စိုးရိမ်တဲ့ အနေအထားဖြစ်လာပါတယ်။