အနောက်နိုင်ငံများက ယူကရိန်းထံ စစ်လက်နက်ပစ္စည်း ပေးပို့မှု များပြားလာခြင်းကို ရုရှားသမ္မတဗလာဒီမာပူတင် ပြင်းပြင်းထန်ထန်ဝေဖန်
သမ္မတဗလာဒီမာပူတင်က ဇန်နဝါရီ ၁၇ ရက်က တူရကီသမ္မတရီဆက်တေးရစ် အာဒိုဂန်နဲ့ ဖုန်းစကားပြောရာမှာ ယူကရိန်းရဲ့ အပျက်သဘောဆောင်တဲ့ မူဝါဒတွေနဲ့ အနောက်နိုင်ငံတွေက ယူကရိန်းထံ လက်နက်ပံ့ပိုးမှု များပြားလာတာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပါတယ်။