ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အိမ်စီးယာဉ်တစ်စီး လမ်းဘေးတန်းများကို တိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ Alphard အမျိုးအစား မော်တော်ယာဉ်တစ်စီးဟာ လမ်းဘေးတန်းတွေကို တိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိမှု ဇန်နဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။