ဂျပန်သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်ပိုင်း အပြင်းထန်ဆုံး လုံခြုံရေးဝန်းကျင်နှင့် ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ်ကိရှိဒ ပြောကြား
ဂျပန်အနေနဲ့ ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်ပိုင်း ဒေသတွင်းမှာ အပြင်းထန်ဆုံးလုံခြုံရေးဝန်းကျင်နဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ကြီးချုပ် ဖုမိအိုကိရှိဒက ဇန်နဝါရီ ၂၃ ရက်မှာ ပြောကြားခဲ့ပြီး လတ်တလောအတည်ပြုခဲ့တဲ့ လုံခြုံရေး မဟာဗျူဟာအရ လာမယ့်ငါးနှစ်အတွင်း စစ်လက်နက်အင်အား တိုးချဲ့တည်ဆောက်မှုကို တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ လည်း ၎င်းက ကတိပြုခဲ့ပါတယ်။