COVID – 19 ကန့်သတ်ချက်များ ရုပ်သိမ်းခဲ့ပြီးနောက် တရုတ်တွင် အားလပ်ရက်ကာလအတွင်း ခရီးသွားလာသူ မြင့်တက်
တရုတ်အာဏာပိုင်တွေက သုံးနှစ်ကြာ ခရီးသွားလာမှုကို ထိန်းချုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်စည်းမျဉ်းတွေ ကို ရုပ်သိမ်းခဲ့ပြီးနောက် သီတင်းတစ်ပတ်ကြာ တရုတ်နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံအတွင်းမှာ ခရီးသွား လာသူအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ထက် ၇၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ မီဒီယာမှာ ဇန်နဝါရီ ၂၈ ရက်က ဖော်ပြထားပါတယ်။