ဖေဖော်ဝါရီ ၂ ရက် နံနက်ခင်းသတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)
■ သာမာန်အခြေအနေမဟုတ်သည့်အတွက် အရေးပေါ်ကာလကို နောက်ထပ်ခြောက်လသက်တမ်းတိုးရန် ကာလုံအစည်းအဝေး ဆုံးဖြတ်
■ ဒုတိယဝန်ကြီးချုပ်လေးဦးထပ်မံခန့်အပ်ပြီး ပြည်ထောင်စုဝန်ကြီးလေးဦးကို ပြောင်းလဲခန့်အပ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း
■ မန္တလေးမြို့တွင် ဈေးဆိုင်တန်းခုံပေါ်၌ အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးသေနတ်ပစ်ခံရပြီး သေဆုံး
■ (၃၆)ကြိမ်မြောက် ထီဖွင့်ပွဲ၌ ကျပ်သိန်း ၁၀၀ တစ်ဆုအပါအဝင် ဆုမဲ တစ်ထောင်ကျော် ထုတ်ယူရန် ကျန်ရှိနေပြီး ဖေဖော်ဝါရီ ၂၈ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်
■ တရုတ်နှင့် ရုရှား၏ခြိမ်းခြောက်မှုများကို ခိုင်မာစွာတုံ့ပြန်ရန် ဂျပန်နှင့် နေတိုး ကတိပြု
■ လူ ၁၀ဝ ခန့်သေဆုံးခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုသည် ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားသည့်လက်စားချေမှုဖြစ်သည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့ ပြောကြား
■ နယ်သာလန်နှင့် ပွဲမှ လုပ်ရပ်အတွက် နောင်တရမိကြောင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံဆုရရှိပြီးနောက် အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်း မက်ဆီ ပြောကြား