ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ပုသိမ်မြို့၌ နှလုံးသားထဲမှ ပုဂံဓါတ်ပုံပြပွဲပြုလုပ်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို မြန်မာ့အမွေအနှစ်အဖြစ်ကနေ ကမ္ဘာ့အမွေအနှစ် ယူနက်စကို စာရင်းဝင်နိုင်ဖို့ ပုဂံဒေသအလှဓါတ်ပုံတွေ ပါဝင်တဲ့ နှလုံးသားထဲမှ ပုဂံဓါတ်ပုံပြပွဲကို ပုသိမ်မြို့ မြို့တော်ခန်းမမှာ ဖေဖေါ်ဝါရီလ ၁၉ရက် ကနေ ၂၁ရက်နေ့အထိ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။