မြောက်ကိုရီးယားကိုတန်ပြန်ရန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်သွားမည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ ကတိပြု
မြောက်ကိုရီးယားရဲ့ မြင့်တက်နေတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ နျူကလီးယားအကာအကွယ်ရစေဖို့ တောင်ကိုရီးယားက ကြိုးပမ်းနေချိန်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး လီဂျုံဆွတ်တို့က ဇန်နဝါရီ ၃၁ ရက်က ဆိုးလ်မြို့တော်မှာ တွေ့ဆုံခဲ့ချိန် ကတိပြုခဲ့ပါတယ်။