လူရာနှင့် ချီ၍ အစာအဆိပ်သင့်သည့်လက္ခဏာများ ဖြစ်ပွားပြီးနောက် မွန်ဂိုလီးယားရှိ KFC စားသောက်ဆိုင်များကို ယာယီပိတ်သိမ်း
မွန်ဂိုလီးယားနိုင်ငံရှိ KFC ဆိုင်ခွဲတစ်ခုမှာ စားသုံးခဲ့တဲ့ လူ ၄၂ ဦးဆေးရုံတင်ခဲ့ရသလို လူရာနဲ့ချီပြီး အစာအဆိပ်သင့်တဲ့ လက္ခဏာ တွေ ဖြစ်ပွားခဲ့တာကြောင့် နိုင်ငံအတွင်းရှိ KFC စားသောက်ဆိုင်အားလုံးကို အစိုးရက ယာယီပိတ်သိမ်းထားတယ်လို့ သိရပါတယ်။