ဖေဖော်ဝါရီ ၄ ရက် နံနက်ခင်းသတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)
■ မြန်မာတပ်မတော်ခေါင်းဆောင်များနှင့် စေ့စပ်ဆွေးနွေးရေးအတွက် ဗိုလ်ချုပ်ကြီးတစ်ဦးစေလွှတ်မည့် အင်ဒိုနီးရှားနိုင်ငံ၏အစီအစဉ် တုံ့ပြန်မှုအမျိုးမျိုးနှင့်ကြုံတွေ့
■ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အကျဉ်းထောင် ၁၈ ခု၊ အချုပ်ထောင် လေးခု၊ အကျဉ်း စခန်း ၁၇ ခု၊ ရဲစခန်းအချုပ်ခန်း ၂၅ ခု၊ တရားရုံးအချုပ်ခန်း သုံးခုတို့အား ကြည့်ရှုစစ်ဆေးခဲ့
■ သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက်၊လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ အဖျော်ယမကာဖြန့်ချိရေးဆိုင်နှင့်ဂိုဒေါင် မီးလောင်ကျွမ်းမှု ဖြစ်ပွား
■ ဝက်လက်မြို့နယ်၊ပင်ဇင်းကျေးရွာတွင် ဘုန်ကြီးကျောင်းဝင်းအတွင်း လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရ
■ မြောက်ကိုရီးယားနှင့် အီရန်သည် နျူကလီးယားလက်နက်များ ထုတ်လုပ်ခွင့်ရှိသည်ဟု နီကာရာဂွာသမ္မတအော်တီဂါ ပြောကြား
■ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရကြောင်း ဒါဝင်နူးနက်စ် ဝန်ခံ