ရေဖြူမြို့နယ် ဗုဒ္ဓသာသနရက္ခိတကျောင်းတိုက်မှ မော်တော်ယာဉ် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိ
ထားဝယ် - ရေးကားလမ်း၊ ရေဖြူမြို့နယ် နှမ်းကျဲကျေးရွာအနီးမှာ ဖေဖေါ်ဝါရီ ၆ ရက်မွန်းလွဲ (၃) နာရီခန့်က ရားဖူးရွာသစ် ဗုဒ္ဓသာသနရက္ခိတကျောင်းတိုက်မှ မော်တော်ယာဉ်ကို လက်နက်ကိုင်တွေက ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ ယာဉ်ပေါ်လိုက်ပါလာသူ ခြောက်ဦး သေနတ်ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။