ညောင်လေးပင်ဘူတာရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သားသုံးဦး သေဆုံးကာ ကိုးဦးခန့်ထိခိုက်ဒဏ်ရာရ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့လည်ပိုင်းက ညောင်လေးပင်ဘူတာရုံစင်္ကြန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးဗုံးပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး သေဆုံးကာ အရပ်သား ကိုးဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။