၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စစ်ဘက်အသုံးအဆောင်ပစ္စည်း တင်ပို့မှုကို သုံးဆတိုးမြှင့်ကာ ဒေါ်လာငါးဘီလျံအထိရှိလာရန် အိန္ဒိယ မျှော်မှန်း
အိန္ဒိယအနေနဲ့ နှစ်စဉ် စစ်ဘက်အသုံးအဆောင်ပစ္စည်းတင်ပို့မှုကို သုံးဆကျော်တိုးမြှင့်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ လက်ရှိ တင်ပို့မှုပမာဏဖြစ်တဲ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမှ ၅ ဘီလျံအထိ ရှိလာဖို့ မျှော်မှန်းထားတယ်လို့ ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ Aero India လေကြောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။