တောင်ငူခရိုင်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့မှုကြောင့် မတ်ပဲစိုက်ခင်းအများစု ပျက်စီးဆုံးရှုံး
တောင်ငူခရိုင်တွင် အချိန်အခါမဟုတ် မိုးရေချိန် ၂ လက်မကျော် မိုးရွာသွန်းခဲ့မှုကြောင့် နှုတ်သိမ်းပြီးနှင့် နှုတ်သိမ်းရန်ကျန်နေသော မတ်ပဲစိုက်ခင်းအများစု မိုးမိပြီး ပျက်စီးဆုံးရှုံး
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်မြို့နယ်တွေမှည ဖေဖော်ဝါရီ ၁၇ ရက်က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးရေချိန် ၂ လက်မကျော်အထိ ရွာသွန်းခဲ့မှုကြောင့် နှုတ်သိမ်းပြီးနဲ့ နှုတ်သိမ်းဖို့ ကျန်နေတဲ့ မတ်ပဲစိုက်ခင်းအများစု မိုးမိကာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း မတ်ပဲစိုက်တောင်သူတွေဆီက သိရပါတယ်။