သထုံမြို့နယ်လေးတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးဘေးရှိ လက်ဖက်ရည်ဆိုင်ကို သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိ
သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဘေးရှိ လက်ဖက်ရည်ဆိုင်ကို ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက အမည်မသိလက်နက်ကိုင်တွေက သေနတ်နဲ့ လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။