ဇင်းကျိုက်တောင်တက်ကားလမ်းတွင် သံဃာတစ်ပါးမောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောက်အတွင်း ထိုးကျခဲ့ပြီး ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာရှိတဲ့ ဆံတော်ရှင်ဇင်းကျိုက်စေတီတော်တည်ရှိရာ တောင်ပေါ်ကိုတက်တဲ့ ဇင်းကျိုက် တောင်တက်ကားလမ်းမှာ ဖေဖေါ်ဝါရီလ (၂၆) ရက်၊ မွန်းလွဲ (၃) နာရီခွဲခန့်က သံဃာတော်တစ်ပါးမောင်းနှင်လာတဲ့ မော်တော် ယာဉ်တစ်စီး အရှိန်လွန်ကာ ချောက်အတွင်းထိုးကျမှုဖြစ်ပွားခဲ့ပြီး ကျောင်းသားလေးနှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။