UEC ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်း (သို့) ပြည်နယ် တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ရှစ်ပါတီရှိ
ဖေဖော်ဝါရီ ၁ ရက်မှ ၂၇ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ပါတီ ၁၃ ပါတီရှိတဲ့အနက် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမယ့်ပါတီ ငါးပါတီနဲ့ တိုင်း (သို့) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီ ရှစ်ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ပါတယ်။