ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇ အနီးတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ သုံးဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိ
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၆၇ အနီးမှာ မတ် ၄ ရက် နံနက် ၅ နာရီခွဲခန့်က ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်မှု အရ သိရပါတယ်။