စက်မှုဇုန်များကို မည်သူမှ တာဝန်ယူမှုမရှိ၍ စက်မှုဇုန်အင်္ဂါရပ်နှင့် မညီဘဲ ကျူးကျော်၊ပျံကျများနှင့် တရားဥပဒေစိုးမိုးမှု မရှိသည့် ဒေသများအဖြစ် တွေ့နေရဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပြော
စက်မှုဇုန်တစ်ခုဖြစ်လာပါက အဲဒီစက်မှုဇုန်တွေကို မည်သူကမှတာဝန်ယူမှုမရှိတဲ့အတွက် စက်မှုဇုန်အင်္ဂါရပ်နဲ့ မညီတော့ဘဲ ကျူးကျော်တွေ၊ ပျံကျနေထိုင်သူတွေနဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ ဒေသတွေအဖြစ် တွေ့နေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားခဲ့ပါတယ်။