၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲတွင် မစ်ရှဲယို၏ Everything Everywhere All At Once ဇာတ်ကားက အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆုအပါအဝင် ဆုခုနှစ်ဆု ဆွတ်ခုူး
၂၀၂၂ ခုနှစ်အတွင်း ထွက်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဂုဏ်ပြုတဲ့ ၉၅ ကြိမ်မြောက် အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၁၂ ရက်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့ပြီး အမေရိကန် ရုပ်သံအစီအစဉ်တင်ဆက်သူ ဂျင်မီကင်မဲလ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။









