ပြည်တွင်း၌ ကျပ်ငွေသုံးရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက မည်သို့အရေးယူမည်ကို လူထုအား ပညာပေးကာလ သတ်မှတ် အကောင်အထည်ဖော်မည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

ပြည်တွင်း၌ ကျပ်ငွေသုံးရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက မည်သို့အရေးယူမည်ကို လူထုအား ပညာပေးကာလ သတ်မှတ် အကောင်အထည်ဖော်မည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 21 November 2018

နိုင်ငံပိုင်ငွေကြေး ခိုင်မာစေဖို့ ပြည်တွင်းမှာ ကျပ်ငွေသုံးစွဲဖို့ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိရင် ဘယ်လိုအရေးယူမယ် ဆိုတာကို လူထုထံအသိပေးပြီး ပညာပေးကာလတစ်ခု သတ်မှတ်ကာ အကောင်အထည်ဖော်မယ့်အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေး ဥပဒေကို ခိုင်မာစေဖို့အတွက် အမြန်ဆုံးပြင်ဆင်နိုင်အောင် ဆွေးနွေးထားတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။