ရုရှားတပ်ဖွဲ့များသိမ်းပိုက်ခဲ့သည့် မာရီယူပိုးလ်မြို့သို့ ရုရှားသမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မာရီယူပိုးလ်မြို့ကို ကြိုတင်ကြေညာခြင်းမရှိဘဲ သွားရောက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ က မတ်လ ၁၉ ရက်နေ့က ဖော်ပြခဲ့ပြီး ဒါဟာ ယူကရိန်းမှာ ရုရှားရဲ့ ထိုးစစ်စတင်ခဲ့တဲ့အချိန်က ကာလကြာရှည်တိုက်ခိုက်ပြီး သိမ်း ယူနိုင်ခဲ့တဲ့ မာရီယူပိုးလ်မြို့ကို သွားရောက်တဲ့ ၎င်းရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။