ကော့ကရိတ်မြို့အနီးဖြစ်ပွားသည့် တိုက်ပွဲအတွင်း အရပ်သားလူငယ်တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ကော့ကရိတ်မြို့အနီးမှာ မတ်လ ၂၆ ရက်နေ့ နံနက် (၅) နာရီ (၄၅) မိနစ်ခန့်ကစတင်ကာ တပ်မတော်နဲ့ KNLA၊ KTLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း အရပ်သားလူငယ်တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။