မြဝတီ - ကော့ကရိတ်၊ ဒေါနတောင်ကျော်လမ်းတွင် မော်တော်ယာဉ်များ ပုံမှန်သွားလာနေပြီဖြစ်
ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်လမ်းကြောင်းမှာ အရေးပါပြီး မတ်လ ၂၅ ရက်နေ့ကစတင်ကာ ယာဉ်အသွားအလာ ရပ် ဆိုင်းခဲ့ရတဲ့ မြဝတီ - ကော့ကရိတ် ဒေါနတောင်ကျော်လမ်းမှာ မတ်လ ၃၀ ရက်နေ့က မော်တော်ယာဉ်တွေ ပုံမှန်သွားလာနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။