အရှေ့ပိုင်းစစ်မျက်နှာဖြစ်သည့် ဘတ်မွတ်မြို့တွင် ရုရှားတပ်များ အသာရနေသည်ဟု ယူကရိန်းပြောကြား
ရုရှားတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မျက်နှာမှာရှိတဲ့ ဘတ်မွတ်မြို့မှာ အောင်မြင်မှုအချို့ရရှိနေတယ်လို့ မတ်လ ၂၉ ရက်မှာ ယူကရိန်းစစ်ဘက်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်ပြီး ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့အကြီးအကဲ က ယူကရိန်းမှာရှိတဲ့ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံပတ်ဝန်းကျင်မှာ လုံခြုံရေးဇုန်အတွက် အစီအစဉ်တွေကို ဘေးဖယ်ထားလိုက်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။